Sunday, October 9, 2011

ညီမလေးရေ...........

ညီမလေးရေ...............

ညီမလေးပြောခဲ့တဲ့.............
“အပျိုမိန်းကလေး တစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ ရင် ဘ၀ပျက်သွားခဲ့ ရင် အမြဲတမ်း ပတ်ဝန်းကျင်အနေနဲ့  ဘာလို့ မိန်းကလေးကိုပဲ တန်ဖိုးမဲ့ တယ်လို့ ပြောကြ ကဲ့ ရဲ့ အပြစ်တင် ရှုံ့ ချကြ ရတာလဲ..........။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ....။ ညီတူ ညီမျှမှားခဲ့တဲ့ ယောကျာ်းလေးတွေ ကိုရော အပြစ်မတင်ကြတော့ဘူးလား..........။  ယောကျာ်းလေးတစ်ယောက်ရဲ့  တန်ဖိုးကရော မကျနိုင်တဲ့ အရာလား ။  ဘာဖြစ်လို့ မိန်းကလေး တွေကိုဘဲ တားမြစ် ပညာပေးကြ ပြီး  ဖြစ်လာရင်လဲ မိန်းကလေးတွေကိုပဲ ဘာကြောင့် အပြစ်တင် ရတာလဲ။ မိန်းကလေးတွေကပဲ  ယောကျာ်းလေးတွေထက် အသိဥာဏ် ပိုပြီးကင်းမဲ့နေတာလား ။
 ဘာလို့  မိန်းကလေးတွေကို ပန်းနဲ့  နှိုင်းရတာလဲ......။မိန်းကလေးတွေကို နှိမ်ရာကျ လွန်းပါတယ်........။ မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်.........။ ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား။”

ပန်းလေးတစ်ပွင့်နဲ့ တူတဲ့ ညီမလေးရေ.........
ပန်းဆိုတာ နူးညံ့လှပတဲ့ သဘာဝအလှတရားပါ ညီမလေးရယ်..........။ အမြင်မှာ တင့်တယ်သလို ကြွေရန် လွယ်တယ်လေ.......။ ပင်ကိုယ် သက်တမ်းစေ့လို့  ကြွေရတာထက် တစ်ပါးသူ အခြွေမခံရအောင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ် ညီမလေးရယ်...။
 တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့  အဆင်းရနံ့ တော့ ပြည့်စုံဖို့ လိုတာပေါ့........။ တန်ဖိုးဆိုတာ မျိုးကောင်းမျိုးသန့် မှ မဟုတ်ပါဘူး ညီမလေးရယ်.........။ လှပစွာ ပွင့်လန်းနေတဲ့ အလေ့ကျ တောရိုင်းပန်းလေးတွေကိုလဲ မြတ်မြတ်နိုးနိုးနဲ့  ပန်ဆင်လိုချင်သူတွေ ရှိပါတယ်...........။
 ပန်းဆိုတာ လှပလွန်းရင်လဲ ခူးယူ ခြွေချင်သူတွေ ပေါများကြပါရဲ့ .........။ ကိုယ့်ရဲ့ အလှအပကို ဝင့်ကြွားဂုဏ်ယူပြီး ကြွားဝါနေတာထက် လှလှပပ သိမ်သိမ်မွေ့ မွေ့ လေးပဲ နေပါ ညီမလေးရယ်....။
 ပင်မြင့်မှာ အိနြေ္ဒရရ လှပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတစ့်ပွင့် အခြွေခံလိုက်ရရင် အခြွေခံရတဲ့ ပန်းကို သနားကြပြီး ခြွေခဲ့သူကိုသာ အပြစ်တင် ပြောဆိုကြတာ ၊ ပန်းလေးကို နှမြောတသ ဂရုဏာသက်ကြတဲ့ အဖြစ်မျိုး ညီမလေးလဲ ကြုံဖူး ကြားဖူးမှာပါ........။ အဲ့ဒီလိုပန်းလေး အခြွေမခံရအောက် ဝိုင်းဝန်း စောက်ရှောက်ကြမှာပါ......။
 ဒါပေမဲ့ အခြွေခံလိုက်ရတဲ့ ပန်းလေးက လေတိုက်တိုင်း မျက်စေ့စပါးမွေး စူးလောက်အောင် လှုပ်ရမ်းနေတဲ့ပန်းလေးတစ်ပွင့် ၊ ဆိုးရွာတဲ့ အနံ့ အသက်ကို ပိုင်ဆိုင်ထားတဲ့ ပန်း ဆိုရင်တော့ ထင်သားပဲ ကြည့်နေတာ ဘယ်တော့ အခြွေခံရမလဲဆိုတာ ၊ အခြွေခံရတာတောင်နည်းသေးတယ် ဆိုပြီး ထောပနာတွေ ပြုကြတာ ညီမလေးလဲ ကြားခဲ့ဖူးမှာပါနော်.....။
 ညီမလေးသာ ပန်းလေးတစ်ပွင့်ဆိုရင် ဘယ်လိုပန်းမျိုး ဖြစ်ချင်ခဲ့သလဲ ညီမလေး.........။ ဘယ်တန်ဖိုးနဲ့  နေချင်သလဲ.......။

ပန်းနဲ့ တူတဲ့ အပျိုမိန်းကလေးတစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ရင် ဆိုတဲ့ စကားလုံးလေးကို ကြားရတာနဲ့ တင် ရင်နင့်လှပါတယ် ညီမလေးရယ်............။


မိန်းမသားဘဝဆိုတာ အထိလွယ် အကြွေလွယ်ပါတယ်...။
အကြွေလွယ်သွားခဲ့တဲ့ ပန်းလေးတွေကို အပြစ်တင် ရှုံချကြတာဟာ မကြွေအောင်ကာကွယ်နိုင်ဖို့ ခြံစည်းရိုးတစ်ခု ၊ တံတိုင်းကြီး တစ်ခုအနေနဲ့ ပါ ညီမလေး.........။
လူဆိုတာ ပတ်ဝန်းကျင်ဆိုတဲ့ စည်းဝိုင်းထဲမှာ နေကြရတာပါ.........။
စည်းဆိုတာ ညီမလေးကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးပါ......။
ညီမလေးက စည်းကို ဂရုစိုက်ရင် စည်းကလဲ ညီမလေးကို အပြည့်အဝကာကွယ်ပေးထားပါတယ်...။
ကြေမွခဲ့တဲ့ မိန်းကလေးကို အပြစ်ပြောရတာဟာ မကြေမွသွားအောင် ကာကွယ်ဖို့ ပါ ညီမလေးရယ်...။
ညီမလေးက စည်းပြင်မရောက်ခင် ကိုယ့်ကိုကိုယ်ကာကွယ်ထားပါနော်........။
ဒါဆိုရင် ဘယ်သူအပြောမှ မခံရပဲ စည်းရဲ့  စောင့်ရှောက်ခြင်းကို ညီမလေးရမှာပါ.....။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ..။ ယောင်္ကျားလေးရော တန်ဖိုးမကျဘူးလား..သူတို့ ကိုရော အပြစ်မပြောကြဘူးလားလို့  ညီမလေး မေးခဲ့တယ်နော်............။

လက်ခုပ်ကို နှစ်ဖက်စလုံးတီးမှတော့ နှစ်ဖက်စလုံးက တူတူပဲ နာကြရတာပဲပေါ့............။ ပတ်ဝန်းကျင်မှာ နှမချင်း ကိုယ်ချင်းမစာနာတဲ့ ယောင်္ကျားလေး တစ်ယောက်ကို ဘယ်သူက အထင်ကြီးလေးစားကြမလဲ ညီမလေးရယ်.......။ သူဟာ ဒီလို ယောင်္ကျားပါလားဆိုတာကို သူ့ ကိုမြင်တဲ့ သူတိုင်းက လက်တို့ ပြီး ပြောနေကြပြီးသားပါ.....။
 သူ့ မှာ ယုံကြည့်ရလောက်တဲ့ အကျင့်မရှိဘူး....။ လေးစားရလောက်တဲ့ သိက္ခာမရှိဘူးဆိုတာ သူ့ ရဲ့  လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ပတ်ဝန်းကျင်က မှတ်ချက်ပေးထားပြီးသားပါ....။
 ညီမလေး မကျေမနပ်ပြောနေတဲ့ ပတ်ဝန်းကျင်ကလဲ သူ့ ကို ပြစ်တင်ပြောဆိုနေပါတယ်ညီမလေးရေ.....။ ဒီနေရာမှာ လက်ဆုပ်လက်ကိုင်တွေနဲ့  ကျန်ခဲ့တဲ့ ညီမလေးက ပိုပြီး အထိနာနေတယ်လို့  ထင်ရပေမဲ့ သူကိုယ်တိုင်လဲ အထိနာနေပါတယ် ညီမလေး......။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အခြေအနေ မလွန်ခင် ကာကွယ်ကြတာဟာ အမှားများစွာထဲ ကျရောက်တော့မည့် ကိုယ့်ဘဝကို ကယ်တင်နေတာပါ ညီမလေး....။

ညီမလေးပြောခဲ့တဲ့ ဘာကြောင့် မိန်းကလေးတွေကိုပဲ ပညာပေးတားမြင့်နေကြရတာလဲ ..မိန်းကလေးတွေက ပိုပြီး အသိဥာဏ်မဲ့ကြလို့ လား ဆိုတဲ့ မေးခွန်းလေးကို တို့  ဖြေပေးပါရစေနော်...........။

မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် အသိဥာဏ်မမဲ့ပါဘူး ညီမလေးရေ......။ ယောင်္ကျားလေးတွေထက်ကို ပိုပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်လို့  ပြောရင် ဘယ်သူငြင်းမှာလဲ..။ ယောင်္ကျားလေးတွေထက်လဲ ပိုပြီး ဇွဲကောင်းကြတယ် ညီမလေးရယ်...။ မယုံရင် စာသင်ခန်းထဲမှာ စာကို ဘယ်သူပိုတော်ကြလဲကြည့်လိုက်.... မိန်းကလေးဦးရေက ပိုများကြပါတယ်...။ မိန်းကလေးတွေ ဥာဏ်ပိုကောင်းပြီး ဇွဲပိုကြီးကြလို့ ပေါ့...။ ဒါပေမဲ့ ဒါက လေ့လာသင်ယူနေရတဲ့ အတန်းပညာမှာပါ ညီမလေးရေ....။
 အတန်းပညာ မဟုတ်တဲ့ ဘဝနဲ့  သက်ဆိုင်တဲ့ ဒီလိုဗဟုသုတတွေမှာတော့ မေတို့ မိန်းကလေးတွေက ဗဟုသုတတွေ နည်းကြတယ်........။ မိဘတွေရဲ့ အတားအမြစ်အောက်မှာ ကြီးပြင်းလာရတဲ့ မိန်းမသားတွေမှာ သင့်တင့်တဲ့ ဗဟုသုတလေ့လာမှုအားနည်းသွားရရှာတယ်.........။ အရှက်အကြောက် ဆိုတဲ့ မြန်မာမိန်းကလေးအတွက် ကာရံထားတဲ့ စည်းကြောင့်လဲ တစ်ခါတစ်ရံ ဘာမျှမသိနိုင်အောင် အမှောင်ဖုံးပြီး လေ့လာနိုင်စွမ်းအား နည်းသွားခဲ့ရလို့  ညီမလေးဟာ တစ်ခါတစ်ရံမှာ “အယုံလွယ်သူ” ဆိုတဲ့ စာရင်းထဲမှာ ပါဝင်သွားခဲ့ရတာပါ.....။
 လှပတဲ့ ဘဝလေးကို ပိုင်ဆိုင်ဖို့  ညီမလေးက မျက်စေ့ကို ကျယ်ကျယ်ဖွင့်....နားကို ကားကားစွင့်ထားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို မွေးမြူထားပေးလိုက်ပါနော်.........။ ညီမလေးမှာ ပြည့်ဝတဲ့ ကာကွယ်မှုလေးတစ်ခု ပိုင်ဆိုင်လာမှာပါ.......။

ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား လို့  ညီမလေး မေးခဲ့တယ်နော်........။

လူဆိုတာ အတ္တတွေကို ရင်ဝယ်ပိုက်လာကြတဲ့ သူတွေပါ ညီမလေးရေ........။ အကောင်းဆုံးဆိုတာတွေကိုပဲ ပိုင်ဆိုင်ချင်ကြတာ လူသားတွေရဲ့  ဆန္ဒပါ.....။ ဒါပေမဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တုန့် ပြန်မှုဆိုတာ ရှိတာကို  ညီမလေးသဘောပေါက်တယ်မဟုတ်လား.....။ သူတို့ မှာလဲ တူညီတဲ့ တုန့် ပြန်မှုလေးတော့ လက်ခံရရှိသွားမှာပါ.....။ တစ်ခါတစ်လေ သူတို့ ကိုယ်တိုင်တောင် မသိလိုက်နိုင်ပါဘူး.....။ တစ်ခါတစ်လေတော့လဲ အချိန်များစွာ နောက်ကျပြီးမှ ရရှိခဲ့တဲ့ အဖြစ်မျိုးပေါ့ ညီမလေးရယ်......။ သူတို့ တွေ အတွက်ကို တွေးတောနေမဲ့ အစား ကိုယ့်ကိုကိုယ်သာ ကာကွယ်ပြီး စည်းတားထားပါ ညီမလေးရေ......။ ပိုပြီး လုံခြုံပါတယ်...။

မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်....လို ညီမလေး ပြောခဲ့တယ်နော်......။

တို့ ကတော့ တစ်ခုကိုမှ လက်မခံဘူး ညီမလေးရေ.......။ ခူးချင်းတိုင်းလဲ ခူးခွင့်မရှိသလို ကောက်ချင်တိုင်းလဲ ကောက်လို့ မရပါဘူး ....။ နင်းဖို့ ဆိုတာ ဝေလာဝေးပေါ့ ညီမလေးရယ်..........။
 တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ကို အလွယ်တစ်ကူ ခူးခွင့်မရသလို တန်ဖိုးရှိတဲ့ မိန်းကလေးကိုလဲ အလွယ်တကူ မရယူနိုင်ပါဘူးညီမလေးရယ်.....။
 ကောက်ယူတယ်ဆိုတာ အကြွေပန်းကိုမှ ကောက်ယူခွင့်ရမှာပါ......။ ညီမလေးကသာ အစထဲက တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်အဖြစ် ပင်မြင့်ထက်မှာ လှလှပပပွင့်နေမယ်ဆိုရင် သူ့ မှာ ကောက်ယူနိုင်ဖို့ ရာ အခွင့်အရေး မရှိပါဘူးနော်..........။
 ကောက်ယူနိုင်ဖို့ တောင် အခွင့်အရေးမရှိရင် နင်းချဖို့  ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ညီမလေးရေ..........။

ညီမလေးရေ...................။

ပန်းဆိုတာ ခူးယူဖို့  ၊ ကောက်ယူဖို့  ၊ နင်းချဖို့  အတွက်သာ ပွင့်လာရတာ မဟုတ်ပါဘူး....။ ပန်းဆိုတာ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိတဲ့ ရတနာပါ..........။ လှပရင်လှပသလောက် ၊ တန်ဖိုးထားတတ်ရင် တန်ဖိုးထားတတ်သလောက် အမြင့်စံပြီး လောကကြီးကို အလှဆင်ပေးနိုင်တဲ့ ရတနာပါ.......။ အမုန်းတွေကို ချေဖျက်ပေးနိုင်တာလဲ ပန်းတွေပါပဲ....။ ချစ်ခြင်းတွေကို သယ်ဆောင်ပေးတာလဲ ပန်းတွေပါပဲ ညီမလေးရေ.....။ လောကကို အလှဆင်ပြီး လောကကြီးသာယာ လှပအောင် ဖန်တီးပေးတာလဲ ပန်းလေးတွေရဲ့  အစွမ်းပါပဲ ညီမလေး.............။
 ညီမလေးဟာ သဘာဝက ပေးလာတဲ့ အထိအကြွေလွယ် ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့မယ်ဆိုရင်လဲ ဝမ်းနည်းနေဖို့ မလိုသလို ကိုယ့်ဘဝကို မကျေမနပ် ဖြစ်နေစရာလဲ မလိုပါဘူးနော်..........။
ညီမလေးရရှိနေတဲ့ ဘဝလေးမှာ အမြင်တင့်ပြီး တန်ဖိုးရှိတဲ့ အခြေအနေနဲ့  မြင်သူတကာ အားကျ အတုယူနိုင်ဖွယ်ရာ လှပတဲ့ ပန်းတစ်ပွင့် အဖြစ်နဲ့  ရပ်တည်နိုင်အောင် ကြိုးစားလိုက်ပါညီမလေး.....။
 ပန်းသတင်းလေညှင်းဆောင်ပြီး လှပအဖိုးတန်းပန်းတစ်ပွင့်ရှိနေကြောင်းကို လေပြေလေညှင်းတွေက ဖော်ကြူးဖွင့်ဆိုပြမှာပါ.........။  ဝဲပျံလာမဲ့ အတုအယောင်ပျားပိတုန်းတွေရဲ့  လက်က လွတ်အောင်ကိုတော့ အလိမ္မာနဲ့  ရှောင်ရှားရမယ်နော်.........။

ညီမလေးရေ...........
ခုလောက်ဆိုရင် ညီမလေးရဲ့  တန်ဖိုးရှိလှတဲ့ ဘဝလေးကို သဘောပေါက်လောက်ပြီထင်တယ်နော်....။ ညီမလေးရရှိထားတဲ့ အဖိုးတန်ပန်းတစ်ပွင့်ရဲ့  ဘဝလေးကို တန်ဖိုးထား မြတ်နိုးရမှန်း သိပြီပေါ့နော်........။
ညီမလေးကိုယ် ညီမလေး ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာလဲ သိပြီပေါ့နော်............။

တို့ ညီမလေး အဖိုးတန် ပင်မြင့်စံ ပန်းတစ်ပွင့်အဖြစ်နဲ့  လှပစွာ ဖူးပွင့်နိုင်ပါစေလို့  တို့  ဆုတောင်းပေးလိုက်တယ်နော်.........။

ဝေါဟာရ........

အမျိုးသမီးများ၏ ဆိုစကားကို အောက်ပါအတိုင်း ဘာသာပြန်အပ်၏ ။

ဟုတ်တယ် = မဟုတ်ဘူး
မဟုတ်ဘူး = ဟုတ်တယ်
ဟုတ်မှာပါ = မဟုတ်ဘူး
ဟုတ်ချင်ဟုတ်မှာပါ = ဟုတ်တယ်
လိုအပ်သလားလို့ = လိုချင်တယ်
ကျွန်မအရမ်းဝမ်းနည်းတယ် = ရှင်ဝမ်းနည်းရမယ်
ကျွန်မပြောစရာရှိတယ် = ရှင် ဘုရားတပေတော့
ဆက်လုပ်၊ဆက်လုပ် = ရှင် သိပ်မဟန်သေးဘူး
ရှင်ဘာလိုချင်လဲ = ရှင် ဘာပေးနိုင်လဲ
ကျွန်မမသွားချင်ဘူး = ရှင်သွားရဲသွားကြည့်
ကျွန်မလေးမထားဘူး = ရှင်အလေးထားရမယ်

အမျိုးသားတို့၏ဆိုစကားကိုအောက်ပါအတိုင်း နားလည်ရာအပ်၏။

ဗိုက်ဆာတယ် = ဗိုက်ဆာတယ်
အိပ်မရဘူး = အိပ်မရဘူး
မောတယ်ဗျာ = မောတယ်ဗျာ
လှလိုက်တာ = ချစ်ချင်တယ်
ချစ်တယ် = ချစ်ချင်တယ်
ပျင်းတယ် = ချစ်ချင်တယ်
ဘာလုပ်ပေးရမလဲ = ချစ်ချင်တယ်
ရှပ်ရှင်ကြည့်မလား = ချစ်ချင်တယ်
ဘာစားချင်လဲ = ချစ်ချင်တယ်
လိုချင်တာစဉ်းစားထားနော် = ပိုက်ဆံမရှိသေးဘူး

Saturday, September 24, 2011

ဘရ်လိုဆိုရမှာလဲ

ပြန်ဆုံမယ့် ......... လမ်းခွဲ ....
အရင်ကလို..... နိုက်တင်ဂေးရဲ့ ဂရုဏာတေးသွားနဲ့ 
မင်းနှုတ်ဖျားက နှစ်သိမ့်စကားသံလေးတွေကို ....
ငါ ပြန်ကြားချင်နေမိတယ်......
ခံယူချက်ကိုယ်စီနဲ့.....
ငါတို့ ရဲ့ လမ်းတစ်ဖက်စီ ဖြတ်အကူးမှာ
နားလည်မှုတံတားလေး ကျိုးပြတ်သွားခဲ့ပေါ့. .......
ဆောင်းလက်ချောင်းတွေလို မြူတွေဝန်းခိုနေတဲ့ 
ကြင်နာသူရဲ့ လက်ဖျားကလေး 
ဒီအချစ်ကို သွေးအေးအေးနဲ့ လက်ပြနှုတ်ဆက်တယ်. .......
ငါ ပြန်ပြုံးပြခဲ့သလား ခြားထားတဲ့စည်းက ဖျက်မရတော့ဘူးလားကွယ်......
မင်းသိပ်မက်မောတဲ့ ငွေကြေး ငါဝေးဝေးနေချင်မိတာ အပြစ်တဲ့လား ကွယ်......
ငွေဂုဏ်ရှိတဲ့ ဘ၀နဲ့ ဟန်ဆောင်နေရမယ့် ဘ၀ကို 
နင့်ထက်ပိုပြီး ငါမခင်တွယ်ခဲ့တာ အပြစ်တဲ့လား
ရိုးရိုးသားသား ဝေးနေကြတော့မယ်.........
ချစ်သူ ပေးတဲ့ သောကတနင့်တပိုးက
ို မြတ်မြတ်နိုးနိုး ထုပ်ပိုး ဘ၀ရဲ့ တောအုပ်ထဲကို
ငါတစ်ယောက်တည်း ထိုးဖောက်ရတော့မယ်......
ပြန်မသိမ်းဆည်းချင်တော့တဲ့
ချစ်ခြင်းတွေ ပန်းအဖြစ်နဲ့ ဝေချင်လဲဝေ 
အလွမ်းအဖြစ်နဲ့ ကြွေချင်လဲ ကြွေပါစေတော့ကွယ်. 
ချစ်သူရေ.... ရင်နင့်အောင် မြတ်နိုးလို့ 
လွမ်းမိုးတွေ ဆွေခဲ့တဲ့...... ဆောင်း......
မင်း ကံကောင်းနေပါစေ ချစ်သူ ရယ်.......
ငါ............. မင်းနဲ့ ဝေးကွာခြင်းခရီးဆုံးဘူတာမှာ အကြင်နာတွေနဲ့ စောင့်လို့ နေရစ်ပါ့မယ်....... မင်းရင်ခွင်နောက်ဆုံး ရထားတဲ့ 
အမှာစကားပါးလာမယ့် တစ်နေ့
ငါတို့ ပြန်တွေ့ ကြတာပေါ့. အခုထိတော့............
သံယောဇဉ်ဖြူဖြူတွေက ဆောင်းညဆန်နေတုန်းပဲကွယ်.....
လွမ်းတယ်......... ချစ်သူ......
အပြင်မှာ မြူနှင်းတွေ အထပ်ထပ်နဲ့
နှင်းစက်တို့ တဖြုတ်ဖြုတ်ကြွေ မာကျူရီမီးတွေ ဝေတဲ့ည 
ဟောဒီလို မြို့ ပြရဲ့ ည........
ချစ်သူ နဲ့ အတူရှိခဲ့တဲ့ ပြည်လမ်းမကြီးက အလွမ်းနဲ့ ထပ်တူကျပါလိမ့်မယ်....... 
အင်းလျားကို...... ဖြတ်ကျော်စီးဝင်လာတဲ့ ညဥ့်နက်လေညင်းရေ......... 
ကလေးတစ်ယောက်လို နူးညံ့ဖြူစင်မှုမျိုးနဲ့ 
ငါမြတ်နိုးတဲ့ ချစ်သူကို အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေပါစေတော့ကွယ်.......
ချစ်သူအတွက် ဆိုညည်းတဲ့ ရင်ခုန်တေးသွား 
ငါ လမ်းကြုံပါးလိုက်မယ်.....
အိပ်မက်ထဲက ပြန်ကြားပေါ့ ချစ်တဲ့သူ..............

သခင်

အတွေးတိုင်း၏သခင်...........နင်..
အိပ်မက်တို့၏ဘုရင်..........နင်ပါ......
စိတ်ကူးများ၏ပလ္လင်......ဒါလည်းနင်ပါပဲ.........
စိုးမိုးထားသူ အသင်............နင်ပဲနော်.
ပြိုကွဲလုလုငါ့ရင်ခွင်..........
ကြေကွဲခြင်းများနှင့်ယခင်............
အတိတ်တို့အားပြန်မြင်......
ကြည်နူးခြင်းများကိုယ်စီ........
ပြန်တွေးမိတိုင်းနာကျင်ရက်စက်ခြင်းဖြင့်......
နင်ထားရစ်ခဲ့တော့........
ဒီရင်ပျော်ရွှင်ခြင်းဟာ ဘယ်ဆီ....ကို
ပြန်တွေ့ဖို့လမ်းတော့ မမြင်ပြီ............သခင်........

Monday, September 19, 2011

Am i last one?

ကိုယ်ချစ်နေတဲ့ ချစ်သူနှင့် ရာသက်ပန် လက်တွဲခွင့် ရှိ၊မရှိသိချင်လား သူငယ်ချင်း နည်းကတော့လွယ်လွယ်လေးပါ.................
 
.....သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့မွေးနေ့သက္ကရာဇ်အားလုံးကိုပေါင်းကြည့်
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့............
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 07/12/1984 သင့်ချစ်သူက 21/9/1985 ဆိုပါစို့
7+12+1984+21+9+1985=4018
ပြီးသွားရင် ထပ်ပြီးတော့ 4+0+1+8 ကိုထပ်ပေါင်း
အဖြေက 13....1+3=4ပေါ့ 
ရှင်းပြီနော် သူငယ်ချင်း... ကဲ တွက်ကြည့်ကြနော်..


1 ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... 
နောင် busကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...

2 ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက
ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့
ထားပေးလိုက်ကြပေါ့နော့....

3 ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့

4 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ်
သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်
ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
ဇါတ်သိမ်းသွားလိမ့်မယ်နော်...

5 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး
နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ
အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
ဖူးစာရှင်အစစ်လို့ ...

6 ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက
သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး
သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
ဘာမှမသိသလိုနေမှာအသေအချာပဲ ...
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့
သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ
သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....

7 ရတဲ့သူက ဒီတစ်ယောက်က
သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်
အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်
သင်ဟာ ရုပ်မရှိရင်
အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့
သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...

8 ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ
သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်
သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...

9 ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့
နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
ဒါကြောင့်သင်တို့အချစ်ကို
သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ
ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း
သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...